နတ်မောက်မြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်း အမဲ့ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်း အမဲ့ဖွင့်လှစ်



MNP - ဧပြီ     ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)၌ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များအား နွေရာသီ အင်္ဂလိပ်စာ ခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က ဘက်စုံသုံး ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား/သူ ကလေးငယ်များ အသိဉာဏ်ပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်နှင့် အင်္ဂလိပ်စာအခြေခံကို သိရှိနားလည်ပြီး ဆက်လက်လေ့လာ သင်ယူတတ်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဆရာမဒေါ်မာလာသိန်းက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်  သင်တန်း၏ စည်းမျဉ်း စည်းကမ်းများကို တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်းပြောကြားခဲ့သည်။

နွေရာသီ အင်္ဂလိပ်စာခြေခံသင်တန်းကို အထက်တန်းအဆင့်ကျောင်းသား၊ သူ(၃၅)ဦး၊ အလယ်တန်း အဆင့် ကျောင်းသား/သူ(၃၀)ဦး စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  မတ်လ (၃၁) ရက် နေ့မှ မေလ(၃၁)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သင်းသင်းမြတ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)