မအီမြို့တွင် တရားမဝင်(၃)လုံးထီ ရောင်းဝယ်မှု ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် တရားမဝင်(၃)လုံးထီ ရောင်းဝယ်မှု ဖမ်းဆီးရမိ


MNP ၊ ဧပြီ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၃)လုံးထီရောင်းဝယ်မှုပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် မအီနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးဇင်ယုနှင့် တပ်ဖွဲ့ဝင်(၄)ဦးတို့လိုက်ပါ၍ သက်သေများအဖြစ် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွန်းတင်အောင်၊ မအီမြို့၊ (၄)ရပ်ကွက်တွင်နေထိုင်သူ ဦးသောင်းရွှေမောင်တို့နှင့်အတူ မအီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဒေါ်သင်းသင်း(ဘ)ဦးကျော်မြအောင်၊ အသက်(၃၆)နှစ်၊ ကျဘမ်းလုပ်ကိုင်သူ၏ နေအိမ်ရှေ့ခန်းအား ယနေ့နံနက်ပိုင်းက ရှာဖွေခဲ့ကြောင်းသိရသည်။


ထို့သို့ရှာဖွေခဲ့ရာတွင် တရားမဝင်(၃)လုံးထီလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် (Cash Memo 555)တံဆိပ်ပါ (၃)လုံးထီရောင်းချထားပြီး စာအုပ်(၃)အုပ်၊ (၃)လုံးထီရောင်းချထားသည့် ဂဏန်းများပါ Exercise Book တံဆိပ်ဖြင့် ဗလာစာအုပ်(၁)အုပ်၊ (000 မှ 999)ထိ သုံးလုံးထီဂဏန်းများပါ လယ်ဂျာစာအုပ်တစ်အုပ်၊ ဖြူနီကြားရောင် ဘောပင်တစ်ချောင်း၊ သုံလုံးထီရောင်းချရရှိငွေ ငွေစက္ကူရောရော(၃၀၀၀၀ိ/-)ကျပ်တို့အား သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့သည်။


ထို့ကြောင့် တရားမဝင်(၃)လုံးထီလောင်းကစားခြင်းနှင့်ပတ်သက်၍ လောင်းကစားဆက်စပ်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ နေအိမ်ရှေ့ခန်းအတွင်းလက်ဝယ်တွေ့ရှိသူ ဒေါ်သင်းသင်းအား လောင်းကစားဥပဒေနှင့်အညီ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးဇင်ယုမှ တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် မအီနယ်မြေရဲစခန်းမှ လောင်းကစားဥပဒေပုဒ်မ ၁၈/၁၉(က)အရ အမှုရေးဖွင့်ပြီး အဆိုပါအမှုအား ဒုရဲအုပ်ကျော်မင်းထွန်းမှ လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မအီနယ်မြေရဲစခန်းမှသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)