သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်



MNP -  ဧပြီ    ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး  ဘယ်သွားသွားနိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ကြရန် အသိပညာ ပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေုပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူး ဦးပိုက်စိုး က  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၆)နှစ်အထက် အကျုံးဝင် သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား မေလ (၃)ရက်မှ နိုဝင်ဘာလ (၃)ရက်နေ့ထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေ ထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား ဧပြီလ (၁)ရက်နေ့ နံနက်(၆)နာရီမှစ၍ ပြသအစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တိုင်းဒေသကြီးအတွင်း ဧပြီ(၁)ရက်နေ့  နံနက်(၆)နာရီမှ စတင်ပြီး သရက်ချောင်းမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန်၊ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း၊ ပြည်သူများသို့ ပန်ကြား ချက်တို့နှင့် စပ်လျဉ်းပြီး အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆွေးနွေးခဲ့သည်။

သရက်ချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ယခုလိုဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူများအတွက် အသိပညာပေးခြင်း၊ ပြန်ကြားပေးခြင်းနှင့်ဖျော်ဖြေပေးခြင်း အစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသိပညာ၊ အတတ်ပညာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းခလိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)