ရွှေသောင်ယံမြို့ကမ်းခြေတွင် သင်္ကြန်အကြိုနေ့ လာရောက်အပန်းဖြေသူများ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန် တာဝန်ရှိသူများမှဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေသောင်ယံမြို့ကမ်းခြေတွင် သင်္ကြန်အကြိုနေ့ လာရောက်အပန်းဖြေသူများ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန် တာဝန်ရှိသူများမှဆောင်ရွက်

MNP - ဧပြီ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေနှင့် ရွှေသောင်ယံအပိုင် ကျောက်မောင်နှမ ကမ်းခြေတို့၌ ယခုသင်္ကြန်အကြိုနေ့၌ လာရောက်အပန်းဖြေကြသော ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လိုက်လံစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ကမ်းခြေ၊ ရွှေသောင်ယံအပိုင်ဂျိုင်ကြီးကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့၌ လာရောက်ရေကစားသူများ၊ အပန်းဖြေသူများအား ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ကြည့်ရှုစောင့်ရှောက်ပေးပြီး ကမ်းခြေဈေးဆိုင်များအား စည်းကမ်းတကျရောင်းချရန်၊ ဧည့်သည်များ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရေး ဆောင်ရွက်ပေး ရန် စသည်ဖြင့် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သတင်း - ကိုကိုမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)