မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်း စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်း စတင်ဆောင်ရွက်



MNP - ဧပြီ    ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ဧပြီလ(၁၈)ရက်မှစတင်ကာ မြိတ်ခရိုင်အတွင်း မြို့နယ်များရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များအား eID စနစ်ဖြင့် နေရာ(၃)နေရာတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံသားများ၏ အချက်အလက်များအားခေတ်စနစ်နှင့်အညီ အဆင်မြှင့်နည်းပညာဖြင့် Smart Card များ ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်းအဖြစ် အခြေခံကျသော နိုင်ငံသားများ၏ ကိုယ်ရေး အချက်များအား နည်းပညာအသုံးပြု၍ Data Entry စာရင်းရေးသွင်းဆောင်ရွက်ခြင်းကို မြိတ်ခရိုင် အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ နိုင်ငံသားစုစုပေါင်း(၇)သိန်းကျော်၏ ကိုယ်ရေး မှတ်တမ်းနိုင်(၄)အချက်အလက်များအား (၁)လအတွင်းပြီးစီးအောင် မှတ်တမ်းရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသား ကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များအား နည်းပညာအသုံးပြု၍ Data Entry စာရင်း ရေးသွင်းခြင်းကို သတ်မှတ်ကာလအတွင်း ရေးသွင်းပြီးစီးနိုင်ရေးကို ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဌာနဆိုင်ရာဝန်ထမ်းများက တာဝန်ရှိသူများအတူ eID စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး နှင့်မြို့နယ်ဦးစီးမှူးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။

မှတ်တမ်းများကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းကို မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ နိုင်ငံသားကိုယ်ရေးအချက်အလက်များကို ကွန်ပျူတာတက္ကသိုလ်(မြိတ်)တွင်လည်းကောင်း၊ တနင်္သာရီမြို့ နယ်ရှိ နိုင်ငံသားကိုယ်ရေးအချက်အလက်များကို မြိတ်တက္ကသိုလ်တွင်လည်းကောင်း၊ ပုလောမြို့နယ်ရှိ နိုင်ငံသားကိုယ်ရေး အချက်အလက်များကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တွင်လည်းကောင်း ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)