မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုး



MNP -  ဧပြီ   ၁

မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးမျး စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နွေစပါးကို ဆည်ရေ ၊ ကန်ရေ သောက်စနစ် ဖြင့်  ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုး ရာတွင်လည်း အထွက်နှုန်းကောင်းသည့် မနောသုခ မျိုးစပါးများကို အဓိကရွေးချယ်စိုက်ပျိုး လျက်ရှိသည်။ ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့် နွေစပါးများကိုစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုး သည့်စနစ်ဖြင့် စိုက်ပျိုးသည့် ဒေသခံတောင်သူများမှာနွေစပါးများကို မတ်လဒုတိယအပတ်မှ စတင်စိုက်ပျိုးလျက်ရှိပြီး ပျိုးထောင်စိုက်ပျိုးသည့် စနစ်ဖြင့် စိုက်ပျိုးသော ဒေသခံတောင်သူများမှာ နွေစပါးကို  မတ်လ စတုတ္တအပတ်တွင် စတင်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် နွေစပါးကို စိုက်ဧက ၈၂၀ စိုက်ပျိုးသွား မည်ဖြစ်သည်။

ထိုသို့ နွေစပါးများစိုက်ပျိုးရာတွင် မိတ္ထီလာကန်ရေဖြင့် လျော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကိုင်၊ တောမ၊ ထမုန်ကန်၊ ခင်လူးကျေးရွာအုပ်စုများရှိကွင်း ၁၇ ကွင်းမှစိုက်ဧက ၅၀၀စိုက်ပျိုး သွားမည်ဖြစ်ပြီး ချောင်းကောက်ဆည်ရေဖြင့် ကွက်ငယ်၊ ကုက္ကိုကုန်းကျေးရွာအုပ်စုများရှိ ကွင်း ၃ကွင်းမှစိုက်ဧက ၂၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်းကျေးရွာ အုပ်စုများရှိ ကွင်းနှစ်ကွင်းမှ စိုက်ဧက ၁၀၀ နှင့် ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ်ကျေးရွာ အုပ်စု အတွင်းရှိ ကွင်းတစ်ကွင်းမှ စိုက်ဧက ၂၀ တို့ကို စိုက်ပျိုးသွားရန် လျားထားကြောင်း သိရသည်။ 

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)