ကျိုက်လတ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး အလှူငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး အလှူငွေပေးအပ်ပွဲကျင်းပ


MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကျိုက်လတ်မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် သုခစာကြည့်တိုက်၊ လူမှုကူညီရေးအသင်းများကို အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အလှူငွေပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာအတွက် ဘက်စုံအသုံးပြုရန် အလှူငွေ (၁၀)သိန်း၊ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် ကျိုက်လတ် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃) ကျောင်းများ၏ စာကြည့်တိုက်နှင့် ကျိုက်လတ်မြို့နယ် သုခစာကြည့်တိုက်တို့အတွက် အလှူငွေတစ်သိန်းစီနှင့် စာအုပ်များကိုလည်းကောင်း၊ သုခမေတ္တာ လူမှုကူညီရေးအသင်း၊ ရေကြည်တော် လူမှုကူညီရေးအသင်းနှင့် အရှေ့ပိုင်းလူငယ် လူမှုကူညီရေးအသင်းတို့အတွက် အလှူငွေ တစ်သိန်းစီကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အလှူရှင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကို ဂါရဝပြု ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အလှူငွေ လက်ခံရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အား ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အငြိမ်းစားဆရာမကြီးလေးဦးကို ဂါရဝပြုလက်ဆောင်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)