အတာသင်္ကြန်အတက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ ရေလောင်းရေပက်ခံသူများနှင့် စည်ကားများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အတာသင်္ကြန်အတက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ ရေလောင်းရေပက်ခံသူများနှင့် စည်ကားများပြား

 


MNP - ဧပြီ    ၁၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့ ယနေ့တွင် ရမ်းဗြဲမြို့ပေါ်ရှိ ရေကစား မဏ္ဍပ်များတွင် ရေလောင်းရေပက်ခံသူများနှင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

ရမ်းဗြဲမြို့နယ်တွင် နှစ်သစ်ကူးကာလအတာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် အသံချဲ့စက် ဆောင်းဘောက်များမှသ င်္ကြန်သီချင်းများ ဖွင့်လှစ်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေပေးခြင်းများနှင့်အတူ  ပြည်သူများမှအတူပါဝင်ဆင်နွဲပြီးအထူးစည်ကားလျက်ရှိသည်။

အတာသင်္ကြန်ရေကစားမဏ္ဍပ်များသို့ ရေကစားရန်အတွက် သူငယ်ချင်းများစုဖွဲ့၍ ၎င်းအသင်းအဖွဲ့များ၊ မိသားစုများမှ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ၎င်းလာရောက်ပြီး အတာသင်္ကြန်အတက်နေ့တွင် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

သတင်း - အောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)