MNP ၊ ဧပြီ ၁၆
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ယနေ့၊ မဟာသင်္ကြန်အတက်နေ့၌ မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေပေးဝေ လှူဒါန်းမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုဖြင့် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ်ကျွဲခြံကျေးရွာ၊ သာသနာကျွန်းဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၁၆၀၀)နှင့် ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်၊ ဒေးခင်တောင်ပေါ်ရှိ စင်္ကြာမုနိဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၈၀၀)တို့ကို မြို့နယ်အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များတို့က ရေသယ်ယာဉ်များဖြင့် သွားရောက် လှူဒါန်းခဲ့ကြသည်။
သထုံခရိုင်အတွင်း မြို့နယ် လေးမြို့နယ်တို့တွင် မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါရာနေရာများသို့ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်မှစတင်ကာ အပတ်စဉ် မြို့နယ်အလိုက် လိုက်လံလှူဒါန်းလျှက်ရှိကြောင်း ဆက်လက်၍လည်း အပတ်စဉ် ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment