MNP - ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရှိ မဟာသကျစိန္တာမုနိ ကြေးသွန်းမြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်းတွင် ပဉ္စမအကြိမ်အဖြစ် နှစ်ဦးတရားပွဲကို ဧပြီလ ၁၄ ရက်နေ့ည ၇ နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါဓမ္မသဘင်တွင် အရှင်အဂ္ဂသာရ B-A(Indo Anyan) ဘာသန္တရဆေကဓမ္မာစရိယ (ဘုရားပေါ် ကျောင်း)မှ တရားတော်များ ဟောကြားတော်မူခဲ့သည်။
၎င်းနောက်အလှူရှင်များ စုပေါင်းအလှူရှင်များမှ အလှူဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် ကိုယ်စား ဦးမြင့်အောင်မှ လက်ခံယူ၍ ရေစက်ချတရားနာယူကာ အမျှပေးဝေခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment