၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ



MNP - ဧပြီ    ၁

၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၊ ရန်ကုန်မြို့မှ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူများနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ပေးနေသည့် အဝေးပြေးယာဉ်လိုင်းများအား ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ကော်မတီဝင်(၁) ဦးခင်မောင်ထွေးက မဟာသင်္ကြန် ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေအားလည်းကောင်း၊ ကော်မတီဝင်(၅) ဦးဘမြင့်က မဟာသင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေအားလည်းကောင်း၊ ကော်မတီဝင်(၆) ဦးအေးအောင် က မဟာသင်္ကြန်ကာလအတွင်း ကုန်စည်များ သယ်ယူပို့ဆောင်သည့် ယာဉ်များ ပြေးဆွဲပေးမည့် အခြေအနေအား လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)