MNP - ဧပြီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့အဝင်/ အထွက်ဂိတ်များ ဖြစ်သည့် အော်ယော စစ်ဆေးရေးဂိတ်၊ ရွာငယ်စစ်ဆေးရေးဂိတ်နှင့် ဟော်ကုန်း စစ်ရေးဂိတ်တို့တွင် ယနေ့(ဧပြီ -၁) ရက်နေ့မှစ၍ မိဘပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကိုင် ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်း၊ ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်တစ်ခါ ထိုးနှံခြင်း မရှိသေးသူများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အား ဌာန ဆိုင်ရာများပူးပေါင်း၍ စတင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အသက်(၁၆) နှစ်အထက် အကျုံးဝင်သူများအားဥပဒေအရကိုင် ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအား ပန်းခင်းစီမံ ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လျှာထားချက် ပြည့်မီဆောင် ရွက်ပြီးစီး ခဲ့ပြီး ဖြစ်၍ တရားဝင် ထုတ်ပေးထားသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်လက်မှတ် ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုဗစ် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်း မပြုရသေးသူများအား ကျန်းမာရေးစစ်ဆေးမှု ခံယူစေကာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနေပြီး ၎င်းတို့အား (၂၈) ရက်အကြာတွင် သတ်မှတ်နေရာများ၌ ဒုတိယ အကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ယခုကာလသည် ခရီးသွားဘုရားဖူး ဧည့်သည်များ လာရောက်လည်ပတ်မှု များပြားသည့် ကာလဖြစ်သည့် အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရဲတပ်ဖွဲ့ဝင်များက ယာဉ်မောင်း လိုင်စင်များ၊ ယာဉ်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများလည်း ဆောင်ရွက် နေကြောင်းလည်းသိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအာကာလင်း၏ လမ်းညွှန်မှု၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်မိုးလွင်၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိ/ ရပ်ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment