မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိ




MNP ၊ ဧပြီ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်းယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၈နာရီက အနောက်စုရပ်ကွက်ရှိ မြို့အဝင်/အထွက်လမ်းဆုံနေရာနှင့် ကန်းနားရပ်ကွက်ရှိ အုန်းချောင်းတံတားထိပ်မြို့ဝင်/အထွက်နေရာများတွင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

     ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့်အဖွဲ့ဝင်များက ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အနောက်စုရပ်ကွက်ရှိမြို့အဝင်/အထွက် လမ်းဆုံနေရာနှင့်အုန်းချောင်းတံတားထိပ်မြို့ဝင်/မြို့ထွက်နေရာများတွင် ဖြတ်သန်းမောင်းနှင်နေသည့် အနှေးယာဉ်မောင်းနှင်

သူများ၊ အငှားယာဉ်မောင်းနှင် သူများနှင့် ကား၊ဆိုင်ကယ်စသည့်မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ နှစ်ဘီးဆိုင်ကယ်မောင်းနှင်သူများအား  ဆိုင်ကယ်ဦးထုပ်များကို သေချာစွာတပ်ဆင်မောင်းနှင် ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်

ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင် ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊အရက်သေစာများကို အလွန်အကျွံသောက်စားမူးယစ်ပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြော ပိတ်ဆို့ မှုမဖြစ်ပေါ်စေရန် စနစ်တကျမောင်းနှင်ကြရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လေးထားဆောင်ရွက်ကြရန်စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလတွင် ရေကစားရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ တွင်ရေကစားမဏ္ဍပ်(၅)ခုစီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)