ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၆)ခုတွင်သင်္ချာဘာသာရပ်ကိုကျောင်းသား/‌ကျောင်းသူ(၁၀၃၀)ဦး အေးချမ်းစွာ‌ ဝင်ရောက် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၆)ခုတွင်သင်္ချာဘာသာရပ်ကိုကျောင်းသား/‌ကျောင်းသူ(၁၀၃၀)ဦး အေးချမ်းစွာ‌ ဝင်ရောက် ဖြေဆို




MNP ၊ ဧပြီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၆)ခု တွင် သင်္ချာဘာသာရပ် ကို ကျောင်းသား/ ကျောင်းသူ(၁၀၃၀) ဦး ဝင်ရောက်ပြီး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းတွင်းဖြေဆိုရန်နှင့် ပြင်ပဖြေဆိုရန် စုစုပေါင်းကျောင်းသား/ကျောင်းသူ (၁၁၂၂)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့သင်္ချာဘာသာရပ်ကိုဖြေဆိုသူ (၁၀၃၀)ဦး၊ ပျက်ကွက်သူဦးရေ  (၉၂)ဦးရှိသည်ဖြစ်၍ စာမေးပွဲ ဖြေဆိုကျောင်းသား ရာနှုန်းမှာ (၉၁.၈၀)ရာခိုင်နှုန်းဖြစ်ပြီး၊ ပျက်ကွက်သည့်ရာခိုင်နှုန်း(၈.၂၀)ရှိသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ က ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို  ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း -  အေးယုဝေ(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)