ကရင်ပြည်နယ်၏မြို့တော်ဘားအံတွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်၏မြို့တော်ဘားအံတွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်




MNP - ဧပြီ    ၂

မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲ၍ စေ့စေ့စပ်စပ် ဆောင်ရွက်ဖို့လိုကြောင်း၊ ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနား၊ ယိမ်းပြိုင်ပွဲ၊ တပင်တိုင်အကပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲများ၊ ဝန်ကြီးဌာနမဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအထောက်အကူပြုလုပ်ငန်းကော်မတီများအလိုက် တာဝန်များခွဲဝေပေးထားပြီး မြန်မာ့ နှစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာနှင့် လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဟာသင်္ကြန်ပွဲတော်၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါး လွှတ်ပွဲနှင့်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးတင်ပြကြကာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး အထောက်အကူပြု လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပရေးအထောက်အကူပြုလုပ်ငန်း ကော်မတီအတွင်းရေးမှူးများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Power Point အသုံးပြုရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)