MNP - ဧပြီ ၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့မှစ၍ ခရီးသွားလာတည်းခိုနေထိုင်ရာတွင် မှတ်ပုံတင်အစား ထောက်ခံစာပြသအစစ်ဆေးခံခြင်း ခွင့်မပြုတော့ကြောင်း မိဘပြည်သူများသို့ ကြိုတင်အသိပေးပန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်မှစ၍ ကျိုက်လတ်မြို့နယ် မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရကိုင်ဆောင်သင့် သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ခြင်း၊ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်းဆောင်ရွက် ပေးခြင်းများကို ၂၀၂၁ ခုနှစ် မေလမှစ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရာတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို ဧပြီ ၁ ရက်နေ့မှ စတင် စစ်ဆေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်း သည် တည်ဆဲဥပဒေအရ ပြစ်မှုမြောက်ကြောင်းတို့ကို သိရှိစေရန်အသိပညာပေးပြောကြား၍ နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းကို ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment