တာချီလိတ်မြို့၌ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP) အရ အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် SAN SAI AUTO အသင်းနှင့် WANNAR FC အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ WANNAR FC အသင်းက ခုနှစ်ဂိုး သုညဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဘောလုံးပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးမင်းထွဋ်က လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုနှင့် နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများကို ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်လွင်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော SAN SAI AUTO အသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆွဲပြားနှင့် ငွေသားဆုကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်လဝကဦးစီးမှူး ဦးဦးသွင်က လည်းကောင်း၊ ပထမဆုရရှိသော WANNAR FC အသင်းအား တစ်ဦးချင်းဂုဏ်ပြုဆွဲပြားဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယ ဗိုလ်မှူးကြီး သိန်းဇော်ကလည်းကောင်း၊ ပထမငွေသားဆုနှင့် ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP) အရ မတ်လ ၂၁ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းပေါင်း(၉)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် ဘောလုံး၊ ဘောလီဘော၊ စနူကာ၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မာရသွန်စသည့် အားကစားပြိုင်ပွဲအမျိုးအစား(၈)မျိုးပါဝင်ပြီး အားကစား သမားပေါင်း (၆၉၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)