မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - ဧပြီ   ၂၇

ဧရာဝတီတိုင်းသေကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဉ်ရမည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က မူးယစ်ဆေးဝါးစတင် ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်း အရင်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်နိုင်ဖွယ် အချက်များ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။ ၎င်းဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ လူငယ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက မြို့နယ်ရုံးစာကြည့်တိုက်မှ ပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါး အသိပညာပေး ဓာတ်ပုံ၊ ပိုစတာများ  ခင်းကျင်းပြသထားမှုများအား စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)