ဇမ္ဗူသီရိမြို့နယ် ရုံး (Community Centre) ခန်းမ၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (Fitness Dance) သင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ် ရုံး (Community Centre) ခန်းမ၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (Fitness Dance) သင်တန်းဆင်းပွဲ ကျင်းပ




MNP - ဧပြီ  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (Fitness Dance) သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဦးကျော်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)