ပျဉ်းမနားမြို့နယ်တွင် သဒ္ဓမ္မပါလစာမေးပွဲနှင့်ပဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များနှင့်သီလရှင်များအား စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်တွင် သဒ္ဓမ္မပါလစာမေးပွဲနှင့်ပဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များနှင့်သီလရှင်များအား စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ





MNP - ဧပြီ    ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် သဒ္ဓမ္မပါလစာမေးပွဲစာအောင် ဆုချီးမြှင့်ပွဲနှင့် ၂၀၂၁ခုနှစ်၊ ပဠိပထမပြန်စာမေး ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  မာန်အောင်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ အမှူးပြုသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း အမှူးပြုသည့် ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာန်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သဒ္ဓမ္မပါလစာမေးပွဲစာအောင်ဆုနှင့် ၂၀၂၁ခုနှစ်၊ ပဠိပထမ ပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင် ဆုများကို ဆက်ကပ်ချီးမြှင့်တော် မူကြသည်။

ပျဉ်းမနားမြို့နယ် သံဃနာယက အဖွဲ့ကကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် သဒ္ဓမ္မပါလ စာမေးပွဲတွင် ပထမကြီးတန်း(၁၀)ပါး၊ ပထမလတ်တန်း (၁၃)ပါး၊ ပထမငယ်တန်း(၁၇)ပါးနှင့် အခြေ ပြုမူလတန်း(၁၈)ပါး ဖြေဆိုအောင်မြင်ခဲ့ကြပြီး  ပဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၆)ပါး၊ ပထမလတ်တန်း(၂၁)ပါး၊ ပထမငယ် တန်း(၁၀)ပါးနှင့် အခြေပြုမူလတန်း(၄၃)ပါး၊ လူပုဂ္ဂိုလ်(၂)ဦး စုစုပေါင်း(၁၄၀)ပါးတို့ ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)