စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းအပတ်စဉ်(၂၀/၂၁)၊ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ်(၁/၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားများနှင့် စစ်ကိုင်းစက်မှုဇုန် အမှတ် ၃ လမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းအပတ်စဉ်(၂၀/၂၁)၊ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ်(၁/၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားများနှင့် စစ်ကိုင်းစက်မှုဇုန် အမှတ် ၃ လမ်း




MNP -  ဧပြီ   ၂၄

စစ်ကိုင်းပညာရေးတက္ကသိုလ်  ပညာရေးဘွဲ့ စာပေးစာယူသင်တန်း အပတ်စဉ် (၂၀/၂၁) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း ပညာရေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က BED ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတွက် ငွေကျပ်- ၅၈၈၃၀၀၀၀ (ငါးရာရှစ်ဆယ်ရှစ်သိန်းသုံးသောင်း) ကျပ်နှင့် BED ဒုတိယနှစ် သင်တန်းသား  သင်တန်းသူများအတွက် ငွေကျပ် - ၅၂၅၆၀၀၀၀ (ငါးရာ နှစ်ဆယ်ငါးသိန်း ခြောက်သောင်း)တို့အား ခေတ္တပါမောက္ခချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ BED ပညာရေးဘွဲ့ စာပေးစာယူသင်တန်း BED ပထမနှစ်တွင် သင်တန်းသား၊  သင်တန်းသူ ၁၉၆၁ ဦး BED ဒုတိယနှစ်တွင် သင်တန်းသား၊ သင်တန်းသူ ၁၇၅၂ ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ပညာရေး ဒီဂရီကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပသော ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများ ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်- ၈၅၂၀၀၀၀ (ရှစ်ဆယ်ငါးသိန်းနှစ်သောင်း) ကျပ်အား ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ကာ စစ်ကိုင်း ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း အမှတ်စဉ် (၁/၂၀၂၂)တွင် ပညာရေးဘွဲ့မရရှိသူ ဆရာ၊ ဆရာမများ၊ အခြေခံပညာဦးစီးဌာနမှ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်နှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၂၈၄ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန် အမှတ် ၃ လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုမြင့်က စစ်ကိုင်းစက်မှုဇုန် အမှတ် ၃ လမ်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ Blue Bird ပလတ်စတစ် စက်ရုံပိုင်ရှင် ဦးမျိုးဇော်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများထံ ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအထိမ်းအမှတ် Torphy များအား စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့် Blue Bird ပလတ်စတစ်စက်ရုံပိုင်ရှင် ဦးမျိုးဇော်တို့က အသီးသီးပေးအပ်ခဲ့ကြ သည်။

ဆက်လက်၍ စစ်ကိုင်းစက်မှုဇုန် အမှတ် ၃ လမ်း ကွန်ကရစ်လမ်းသစ် မုခ်ဦးဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊  တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် စစ်ကိုင်းစက်မှုဇုန် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်တို့က ကွန်ကရစ်လမ်းသစ် မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကွန်ကရစ်သစ် တစ်လျှောက် ကြည့်ရှုစစ် ဆေးခဲ့သည်။

အဆိုပါ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းစက်မှုဇုန် အမှတ် ၃ လမ်း ကွန်ကရစ်သစ်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini ဘတ်ဂျက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဘိလပ်မြေ ၁၁၀၀၀ အိတ်၊ ကာလတန်ဖိုး ၇၇ သန်း နှင့် လုပ်ငန်းရှင်(ပြည်သူ) ထည့်ဝင်ငွေကျပ် ၉၀ သန်း၊ စုစုပေါင်း ၁၆၇ သန်း ဖြင့် အရှည် ၄၇၀၀ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၉ လက်မထုရှိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ သုံးထပ်စက်ဝိုင်းဝါယာနှင့် ကေဘယ်(လ်)စက်ရုံ (Triple Circle Industry Company Limited )မှ Triple Circle ဝါယာနှင့် ကေဘယ်(လ်) ဝါယာထုတ်လုပ် နေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ၎င်းစက်ရုံ၏ ရုံးခန်းမတွင် Triple Circle Industry Company Limited မှ  တည်ဆောက် အကောင်အထည်ဖော်မည့် Industrial Mini Market တည်ဆောက်ရေး စီမံကိန်း အဆိုပြုချက်နှင့် ပတ်သက်၍ စက်ရုံတာဝန်ခံ အင်ဂျင်နီယာချုပ်မှ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)