မိုးညိုမြို့နယ်တွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတ‌ွက် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စုပေါင်းကြဲပက်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတ‌ွက် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စုပေါင်းကြဲပက်ပွဲပြုလုပ်






MNP - ဧပြီ    ၂၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဘုရားငူကျေးရွာရှိ တောင်သူဦးလှိုင်ဝင်းကျော်၏လယ်မြေ ၁၀ ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စုပေါင်းကြဲပက်ပွဲကိုယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။


ထိုသို့သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်ကြဲပက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ အဖွဲ့ဝင်(၂)ဦးစိုးတင့်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇင်ဦး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာများနှင့်တောင်သူများကစုပေါင်းကြဲပက်ခဲ့ကြသည်။


 သစ်စိမ်းမြေဩဇာပြုလုပ်ရာတွင် လယ်မြေတစ်ဧကကို ပိုက်ဆံလျှော်မျိုးစေ့(၄)ပြည်နှုန်းကြဲပက်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်သားမှာ နိုက်ထရိုဂျင်ထုတ်လုပ်မှုမြင့်မားချိန်ဖြစ်သည့်အတွက် ထယ်ထိုး/ထယ်မွေပြီး မြေမြုပ်၍ သစ်စိမ်းမြေဩဇာပြုလုပ်ပြီး တောင်သူများအနေဖြင့်မိမိကြိုက်နှစ်သက်ရာ သီးနှံတွေကိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


 သစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် အပင်ကြီးထွားမှုလျှင်မြန်ခြင်း၊ အမြစ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအားကောင်းခြင်း၊ မြေဆီလွှာ၏ရုပ်ပုံသတ္တိတိုးပွားခြင်း၊ မြေလွှာတိုက်စားမှုကာကွယ်ခြင်း၊ မြေအောက်ရေကိုထိန်းသိမ်းပေးခြင်း၊ မြစ်ဖုနီမတုတ်ကျရောက် မှုကိုခံနိုင်ရည်ရှိခြင်းနှင့်တစ်ဧကအတွက်Bio(mass) ၅ တန်မှ ၇ တန်ရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းသိရသည်။


 သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)