ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌ နွေရာသီအခြေခံ ဟိုက်ကာရီ ကရာတေးဒို အားကစားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌ နွေရာသီအခြေခံ ဟိုက်ကာရီ ကရာတေးဒို အားကစားသင်တန်း ဖွင့်လှစ်



MNP - ဧပြီ   ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုက်ကာရီကရာတေးအသင်းတို့ပူးပေါင်း၍  လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက် အချိန်များကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ် လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံဟိုက်ကာရီကရာတေးဒို သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ သင်တန်းတွင်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ်လူငယ်များ၏ ကျန်းမာ ကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် ကောင်းမွန်သော အနာဂတ်တွင် တစ်ထောင့်တစ်နေရာက ပါဝင် ဆောင်ရွက်နိုင်စေရန်၊ အားက စားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ ကရာတေးပညာ အခြေခံနည်းစနစ်များအား စနစ်တကျ တတ် မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း နည်းပြဆရာ ဦးထွန်းဝေက ပြောသည်။

 သင်တန်းတွင် ဟိုက်ကာရီ ကရာတေးဒိုအသင်းနည်းပြ ဦးထွန်းဝေ၊ ဦးဇော်ဇော်ဦး နှင့်ဦးစိုးမင်း အောင်တို့က သင်တန်းသား/သင်တန်းသူ(၁၅)ဦးတို့အား လက်ခံသင်ကြားပေးခြင်း ဖြစ်ပြီး သင်တန်း ကာလမှာ ဧပြီလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့ထိ သင်ကြားပေး မည်ဖြစ်ကြောင်းသိရ သည်။

သတင်း - ထွန်းလင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)