ကျောက်တော်မြို့ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီးသို့ သင်္ကြန်ရုံးပိတ်ရက်အတွင်း ဘုရားဖူးပြည်သူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တော်မြို့ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီးသို့ သင်္ကြန်ရုံးပိတ်ရက်အတွင်း ဘုရားဖူးပြည်သူများဖြင့်စည်ကား


MNP - ဧပြီ   ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၏ အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရားတစ် ဆူဖြစ်သော မဟာမြတ်မုနိဘုရားကြီးသို့ သင်္ကြန်ရုံးပိတ်ရက်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် ဘုရားကြီးအတွင်း၌ ယနေ့ နံနက်ပိုင်းမှ စ၍ စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်တော်မြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီးသို့ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ စသောမြို့များမှ ရဟန်းရှင်လူပြည်သူများအနေဖြင့် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် ဘုရားဖူးလာရောက် ကြပြီး မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆွမ်းများကပ်လှူပူဇော်ခြင်း၊ ဘုရားကြီးအတွင်း ရှိ ဦးတော်ဆေးကန်နှင့် လက်တော်ဆေးကန်များရှိ  ငါးများအား အစာကျွေးမွေးခြင်း၊ ဇိဝီတဒါန အဖြစ် ငါးအရှင်လွှတ်ခြင်းစသော ကောင်းမှုကုသိုလ်ဒန ဆောက်တည်ခြင်းများအား ပြုလုပ်ခဲ့ကြ သည်။ ဆက်လက်၍ အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီးသို့ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူပြည်သူများမှ ဘုရားကြီးအတွင်း တည်ငြိမ်အေးချမ်းစွာ ဖြင့် တရားဘာဝနာရှုမှတ်ခြင်း၊ ပျော်ရွှင်စွာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် မုနိမြေရောက် အမှတ်တရ လက်ဆောင်ပစ္စည်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်မောင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)