၁၃၈၃ခုနှစ် မဟာအတာသင်္ကြန်ပွဲတော်အား ကန်ကြီးထောင့်မြို့၌ မြန်မာ့ရိုးရာ အစဉ်အလာ များနှင့်အညီ ဖွင့်လှစ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၁၃၈၃ခုနှစ် မဟာအတာသင်္ကြန်ပွဲတော်အား ကန်ကြီးထောင့်မြို့၌ မြန်မာ့ရိုးရာ အစဉ်အလာ များနှင့်အညီ ဖွင့်လှစ်ကျင်းပ



MNP - ဧပြီ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ ၁၃၈၃-ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်အား ယနေ့နံနက် ၈ နာရီက ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံ ဗဟို မဏ္ဍာပ်၌ ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

မဟာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က "မိမိတို့ မြို့နယ်အတွင်း၌ အသက် ၁၈ နှစ်အထက်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ၉၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးပြီးဖြစ်သောကြောင့် ယခုနှစ်တွင် မဟာသင်္ကြန် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းအတွင်း၌ရှိသော ပြည်သူများအနေဖြင့် မဟာအတာသင်္ကြန် ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပဒ် အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း" ဆုတောင်းပြောကြား၍ မဟာ အတာ သင်္ကြန်ဖွင့်ပွဲ အခမ်းနားအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက "မန်းတောင်ရိပ်ခို"သီချင်းအားသီဆို၍ တိုက်နယ် ၉ ခုမှ ယိမ်းအဖွဲ့ ၉ ဖွဲ့က အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့ များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ပြီး စတုဒီသာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့သည်။

ကန်ကြီးထောင့်မြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၉ ခုမှ အကများအပြင် တီးဝိုင်းဖြင့် တေးသီချင်းများကိုလည်း နေ့စဉ် တင်ဆက်ဖျော်ဖြေ သွားမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေး များလည်းထားရှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)