ဂန့်ဂေါခရိုင်တွင် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါခရိုင်တွင် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်



MNP -  ဧပြီ   ၂၈

ဂန့်ဂေါခရိုင် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ကပြုလုပ်ရာ ခရိုင်စီမံကိန်းရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဝေဠုတံခွန်တို့က ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ် အုပ်ချုပ်ရေးမှူးများသို့လည်းကောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ မကွေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာနအကြီးအကဲများသို့လည်းကောင်း တာဝန်များပေးအပ်သည်။

ယင်းနောက် ခရိုင်စီမံကိန်းဦးစီးမှူးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လ ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် များကို ရှင်းလင်းတင်ပြသွားကြောင်း သိရသည်။

သတင်း - ထင်အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)