ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရားအား ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ခြင်းနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရားအား ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ခြင်းနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ



MNP - ဧပြီ   ၂၈

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားတစ်ဆူ ဖြစ်သော သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် လှူပူဇော်ပွဲနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်ပွဲနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ ပင့်ဖိတ်ထားသော ဆရာတော် အရှင်သူမြတ်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ကြွရောက်တော်မူလကြသော ဆရာတော် အရှင်သူမြတ်များက ဗုဒ္ဓဘုရားရှင်ကျောရိုးတော်ဓါတ်ကိန်းဝပ်စံပယ်တော်မူရာ ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားအား ဗုဒ္ဓဘိသေကအနေကဇာ တင်လှူပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည် ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေကြပြီး ဆရာတော်အရှင်သူမြတ်များမှ အသံမစဲ ပဌာန်းဒေသနာတော်များ ပွားများ ရွတ်ဖတ်ပူဇော်ခြင်းများကို ဧပြီ  ၂၇  ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောက်တော်တောင်စေတီတော်ကြီးရင်ပြင်တော်၌  ၃ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်မောင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)