MNP - ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ဧပြီ(၂၂)ရက် နံနက်(၉)နာရီအချိန်က ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂)သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲကျင်းပကြောင်း သိရသည်။
ကြိုဆိုပွဲအခမ်းအနားအား “မင်္ဂလာရှိသောနေ့သစ်များဆီသို့” သီချင်းဖြင့်သင်တန်းသား၊ သင်တန်းသူများက နှုတ်ခွန်းဆက်သကြပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်း/မြောက် ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက သင်တန်းသား၊ သင်တန်းသူများနှင့် ပတ်သက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး စီစဉ်ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂)သင်တန်းသို့ သိရှိရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်မှ(၁၂၅)ဦး၊ ကျောက်မဲခရိုင်မှ(၁၅၆)ဦး၊ မူဆယ်ခရိုင်မှ (၄၉)ဦး စုစုပေါင်း (၃၃၀)ဦး သင်တန်းတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဧပြီ(၂၀)ရက်မှ မေလ(၂၅) ရက်နေ့အထိ (၃၆)ရက်ကြာ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိသည်။
သတင်း - ဟန်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment