MNP - ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုင်းကျွန်းမြေများနှင့် ယာမြေများတွင် နေ့စဉ်ဝင်ငွေရရှိရေး ကုန်စိမ်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဇရပ်ဖြူကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အပင်ဖြစ်ထွန်းအောင်မြင်သောကြောင့် နေ့စဉ်ဝင်ငွေရရှိပြီးမိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်းသိရှိရသည်။
ခရမ်းပင်များစိုက်ပျိုးတဲ့အခါမှာ အပင်အသေအပျောက်မရှိအောင် ခရမ်းမျိုးစေ့များအား မြေဆွေးအိတ် တွင် မျိုးစေ့တစ်စေ့ချင်း သေချာစွာပျိုးထောင်ကာ သန်မာတဲ့အပင်တွေရွေးပြီးစိုက်ပျိုးကြောင်းနှင့် ပျိုးထောင်တဲ့အခါတွင် မိမိတို့စိုက်မည့် ခရမ်းမျိုးများ မျိုးမမှားဖို့ကြောင်း ပျိုးသက်တမ်း(၃၀)ရက်တွင် မြေပြင်ထားသည့် စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ခရမ်းစိုက်ခင်းများအတွင်း သီးညှပ်သီးနှံ အဖြစ် ချဉ်ပေါင်၊ နံနံ၊ စသည့် ကာလတိုသီးနှံများ တွဲဖက်စိုက်ပျိုးနိုင်ကြောင်း ခရမ်းစိုက်တောင်သူ ဦးအောင်စိုးလင်းကပြောပြသည်။
ခရမ်းသီးနှံသည် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၅)ပေ အကွာစိုက်ပျိုးပြီး မြေအစိုဓာတ်မပြတ်ရေသွင်းပေးရ၍ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနုတ်ခြင်းများပြုလုပ်ကာ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုမြေဩဇာ၊ ပုလဲမြေဩဇာ သင့်တင့်ထည့်ပေးရကြောင်းနှင့် လိုအပ်တဲ့အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ အသီးဖြစ်ထွန်းမှုအနေအပေါ် မူတည်ကာ နေ့စဉ်နီးပါး ခူးဆွတ်ရောင်းချလို့ရကြောင်းနှင့် ခရမ်းတစ်ပိဿာတွင် ငွေကျပ် (၆၀၀)မှ (၈၀၀)ကျပ်အထိ ရောင်းချရကြောင်း ခရမ်းအပင် တစ်ထောင်စိုက်ပျိုးထားသည့် ဦးအောင်စိုးလင်းက ပြောပြသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment