MNP - ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကလေးငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား/ကျောင်းသူအနေဖြင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးသို့စားငှားကတ်ပြုလုပ်၍ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင် ကြောင်း၊ ကလေးစာဖတ်ခန်း၌လည်း စာအုပ်များဖတ်ရှုခြင်း၊ ပုံဆွဲခြင်း၊ စက္ကူဖြင့်အရုပ်အမျိုးမျိုး ပြုလုပ်နိုင်ခြင်းများ ပြုလုပ်ကစားနိုင်ခြင်းကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်းခြယ် ပြိုင်ပွဲ၊ ပူးပေါင်းမှုတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ခွက်မှုတ်ပြိုင်ပွဲများကျင်းပရာ ကလေးငယ်များ ပျော်ရွှင်စိတ်ပါဝင်စားစွာယှဉ်ပြိုင်ခဲ့ကြောင်းသိရပြီး ပြိုင်ပွဲများအပြီးတွင် ကလေးငယ်များအား ဗလာ စာအုပ်၊ ခဲတံများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment