MNP - ဧပြီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများလျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက (Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်ဦးစီးမှူး ဦးမြတ်ကိုက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးသည့်ပုံစံများ၊ ဒေသနေပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲသင့်သည့်နည်းလမ်းများ၊ ပြင်ပအလင်းရောင်ကို အသုံးပြုရေးနှင့် အိမ်တွင်းလျှပ်စစ်မီးများကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲရေး၊ အိမ်တွင်းလျှပ်စစ်မီးများကို မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရေး၊ ကြည့်ရှုနားထောင်သူများမရှိချိန်၌ ရုပ်မြင်သံကြားများ၊ သီချင်း များကို အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားချွေတာရေး၊ ညအိပ်ချိန်၍ လျှပ်စစ်မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေတာသုံးစွဲရေး စသည်ဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရေးအတွက် ဆောင်ရွက်နိုင်သည့်နည်းလမ်းများ၊ ချွေတာသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရှိရသည်။
သတင်း - ဇင်လေ
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment