MNP - ဧပြီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့အဝင်အထွက်ဂိတ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) မပါရှိပဲခရီးသွား လာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များ ပါ/မပါ စတင်စစ်ဆေး ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်သို့ ရောက်ရှိလာသော ခရီးသွားပြည်သူ များအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)များကိုပြသစေပြီး အသက် ၁၀ နှစ်ပြည့် ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများ ပန်းခင်းစီမံချက်ကာလအတွင်း အပြီးတိုင်ပြုလုပ်သွားရေး၊ ခရီးသွားလာရာတွင်နိုင်ငံသားစိစစ်ရေးကတ် ပါရှိမှသာနေထိုင် သွားလာခွင့်ရရှိမည့်အကြောင်းနှင့် ဘယ်သွားသွားမှတ်ပုံတင်ကတ် ယူဆောင်သွားဖို့မမေ့ကြရန် ခရီးသွားပြည်သူများအား မှာကြား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment