သီပေါမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည့် သစ်ပင်များနှင့်နှစ်ရှည်ပင်များ ပျိုးထောင်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည့် သစ်ပင်များနှင့်နှစ်ရှည်ပင်များ ပျိုးထောင်ထားရှိ





MNP - ဧပြီ   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့် နှစ်ရှည်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း(၄၉၂၀၀)ပင်ပျိုးထောင်ထားကြောင်း သိရသည်။

မြို့နယ်အတွင်း ပြည်သူများစိုက်ပျိုးနိုင်ရန်အတွက်ဖြန့်ဝေမည့် နှစ်ရှည်ပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့်အပင်များနှင့် ဒေသခံပြည်သူများစိုက်ပျိုးချင်သော အပင်များဖြစ်သည့် ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ ယမနေ စသည့်အပင်ပေါင်း(၄၉၂၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားသော အပင်များကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)