တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ


MNP ၊ ဧပြီ ၁၆

၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်-၁၄၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရဝုဏ်အတွင်းရှိ မိသားစု ရေကစားမဏ္ဍပ်၌ မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ကို ဆက်လက်ကျင်းပပြုလုပ်ရာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီရယ်နှင့် မိသားစု၊

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာဆလိုင်းအန်ဒရူးငွန်ကျုံးလျန်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ဝန်ကြီးဌာနမိသားစုများနှင့်အတူ အတာရေများပက်ဖြန်း၍ ပျော်ရွှင်စွာ ရေကစားကြကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သင်္ကြန် သီချင်းများ၊ တိုင်းရင်းသား ရိုးရာ တေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ပျော်ရွှင်စွာ ရေကစားကြပြီး “မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေကြောင်း” ဆုမွန်ကောင်းများ တောင်းကြသည်။

မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ပိတ် အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က နိုင်ငံတော်ကြီး အေးချမ်းပါစေကြောင်း ဆုတောင်းစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆုတောင်းစကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းအန်ဒရူးငွန်ကျုံးလျန်က ဆုတောင်းစကား ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ယိမ်းအဖွဲ့များနှင့် ဝန်ထမ်းမိသားစုများက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)