MNP ၊ ဧပြီ ၃၀
ပေါင်မြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိုက်ထွန်း၏စီမံဦးဆောင်မှုဖြင့် ပေါင်မြို့နယ်အတွင်း မီးသတ်ဦးစီးဌာနမှ အပတ်စဉ် နွေရာသီ သောက်သုံးရေပေးဝေမှု ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ပေါင်မြို့နယ်၌ သောက်ရေလှူဒါန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျားဘိုကျေးရွှာနှင့်အဟောက်ကျေးရွာတို့တွင်ရေဂါလန်ပေါင်း(၁၆၀၀)စီ၊စုစုပေါင်းရေ ဂါလန်(၃၂၀၀) တို့ကို မီးသတ်တပ်ဖွဲ့ ရေသယ်ယာဉ်များဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သထုံခရိုင်၊ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာအချို့တို့ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် အများသုံး ရေကန်များအတွင်း လိုက်လံ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များသို့ သွားရောက်ကာ ရေဖြန့်ဖြူးပေးခြင်း စသည့် ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လိုက်လံ ဆောင်ရွက်ပေးနေလျှက်ရှိပြီး ထိုသို့လှူဒါန်းပေးခြင်းကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment