တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး








MNP - ဧပြီ   ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစားသင်္ကြန် မဏ္ဍပ်များတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအက အဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုး ကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့် ယိမ်းအက အဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ  ယိမ်းအကအဖွဲ့များအားဂုဏ်ပြု ဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့သို့ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်း အဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျှော်ရွှင်စွာရေကစားလျက်ရှိရာ ဒေသအတွင်းမှလာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ထိုနည်းတူစွာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များတွင်လည်း မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ကို အေးချမ်း ပျှော်ရွှင်စွာဖြင့် ဒေသအတွင်းမှပြည်သူများ လာရောက်ပါဝင်ဆင်နွှဲ လျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များရှိသင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုး ကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများ အပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)