MNP ၊ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့ ယနေ့တွင် ရမ်းဗြဲမြို့ပေါ်ရှိရေကစားမဏ္ဍပ်များတွင် ရေလောင်းရေပက်ခံသူများနှင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်တွင် နှစ်သစ်ကူးကာလအတာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိရေကစားမဏ္ဍပ်များတွင်အသံချဲ့စက် ဆောင်းဘောက်များမှသင်္ကြန်သီချင်းများဖွင့်လှစ်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေပေးခြင်းများနှင့်အတူ ပြည်သူများမှအတူပါဝင်ဆင်နွဲပြီးအထူးစည်ကားလျက် ရှိသည်။
အတာသင်္ကြန်ရေကစားမဏ္ဍပ်များသို့ ရေကစားရန်အတွက် သူငယ်ချင်းများစုဖွဲ့၍၎င်းအသင်းအဖွဲ့များ၊ မိသားစုများမှ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့်လာရောက်ပြီး အတာသင်္ကြန်အတက်နေ့တွင် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment