ကလိန်အောင်မြို့ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် (လပြည့်နေ့)သင်္ကြန်အကြတ်နေ့ ဘုရားဖူးမြော်ပြည်သူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် (လပြည့်နေ့)သင်္ကြန်အကြတ်နေ့ ဘုရားဖူးမြော်ပြည်သူများဖြင့် စည်ကားလျက်ရှိ




MNP - ဧပြီ    ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၏အထင်ကရရှင်ကိုးရှင်သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သော ကလိန်အောင်မြို့ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် (လပြည့်နေ့)သင်္ကြန်အကြတ်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်ပြည်သူများဖြင့် စေတီတော်မြတ်ကြီးအတွင်း၌ စည်ကားလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့ရှိ အထင်ကရ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ် မြို့ကြီးများမှ ရဟန်းရှင်လူပြည်သူများအနေဖြင့် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် ဘုရားဖူးလာရောက်ကြပြီးစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်း၊ တည်ငြိမ်အေးချမ်းစွာဖြင့် တရားဘာဝနာရှုမှတ်ခြင်း၊ ပျော်ရွှင်စွာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ခင်ခင်လဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)