သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကြတ်နေ့ အတာရေဆော့ ကစားကြ သူများနှင့် စတုဒီသာအလှူများဖြင့် စည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကြတ်နေ့ အတာရေဆော့ ကစားကြ သူများနှင့် စတုဒီသာအလှူများဖြင့် စည်းကား




MNP - ဧပြီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ  ရွှေရင်အေးမုန့်လက်ဆောင် စတုဒိသာကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များမှ သီဆိုကပြ ဖျော်ဖြေခြင်း နှင့် ရေကစားခြင်းများဖြင့် ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်း မြို့နယ်ရေကစားမဏ္ဍပ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဇေဝဏ္ဏလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ ပြည်သူများက ပျော်ရွှင်စွာဖြင့် အတာရေများဖျန်းပက်ကာ ရေကစားလျက်ရှိကြောင်း သိရသည်။

ထို့နောက် သင်္ဃန်းကျွန်း မြို့နယ်ရေကစားမဏ္ဍပ်မှ အတက်နေ့ရက်တွင်လည်း ရေပက် ကစားခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)