MNP - ဧပြီ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်း ပျော်ရွှင်စွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့နံနနက်ပိုင်းမှစ၍ မြို့နယ် မဟာသင်္ကြန်ရေကစား မဏ္ဍပ်နှင့် မြို့နယ် ဗဟိုလမ်းကြီးပေါ်တွင် ပျော်ရွှင်စွာ ရေပက်ကစားကြသူများ၊ လမ်းလျှောက် ရေပက်ခံ ထွက်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက် ဓမ္မာရုံများတွင်လည်း ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ တရားဘာဝနာ ရှုမှတ်ကြ သူများ၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် စတုဒီသာမုန့်များ လှူဒါန်းကျွေးမွေးခြင်းများဖြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူးကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းလျက်ရှိသည်။
မြို့နယ် နေပြည်သူများ အေးချမ်းစွာဖြင့် အတာသင်္ကြန်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment