MNP - ဧပြီ ၁၆
၁၃၈၃ ခုနှစ်၊ (၂၀၂၂-ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ ကန်သာယာ၌ ဧပြီ လ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှစတင်၍ ပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧပြီလ ၁၄ ရက်နေ့နံနက်မှစ၍ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုယိမ်းအဖွဲ့ အပါအဝင် တိုင်းဒေသကြီးဝန်ကြီးဌာနများကိုယ်စားပြုယိမ်းအဖွဲ့များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနများကိုယ်စားပြု တပင်တိုင်နှင့် ယိမ်းအဖွဲ့များ စုစုပေါင်းပြိုင်ပွဲဝင် အဖွဲ့ပေါင်း(၁၉ )ဖွဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရပြီး ဧပြီလ ၁၄ ရက်၊ အကျနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၈) ဖွဲ့၊ ဧပြီလ၁၅ ရက် အကြတ်နေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၈) ဖွဲ့ တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဧပြီလ ၁၆ ရက်၊ အတက်နေ့ နံနက်ပိုင်းတွင် ပြိုင်ပွဲဝင်အဖွဲ့( ၃ )ဖွဲ့ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
မုံရွာမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယှဉ်ပြိုင်ကပြခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကအဖွဲ့များမှဆုရရှိသောယိမ်းအဖွဲ့များအား ဧပြီလ(၁၆) ရက် သင်္ကြန်အတက်နေ့ ပိတ်ပွဲတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment