ကသာမြို့၌ မြန်မာသက္ကရာဇ်-၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့၌ မြန်မာသက္ကရာဇ်-၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 








MNP -  ဧပြီ   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၏ မြန်မာသက္ကရာဇ်-၁၃၈၃ ခုနှစ် (၂၀၂၂)၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်၊ နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေ(၃)နာရီခွဲ အချိန်ခန့်က ကသာမြို့၊ ရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နှစ်သစ်ကူးသင်္ကြန် မဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ၎င်းတို့မှ ယိမ်းအဖွဲ့များအား အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့သည်။

ထို့နောက် ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနား တက်ရောက်လာသော ဧည့်သည်တော်များအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရ သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)