MNP - ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက်နေ့ မှ ဧပြီ ၉ ရက်အထိ အမြို့မြို့အနယ်နယ်မှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ် ဘာသာရပ်အား အိမ်မဲ မြို့နယ်၊ ပေါင်တော မြို့နယ်၊ ငရုတ်ကောင်း မြို့နယ်၊ ဂွ မြို့နယ်၊ ဇလွန် မြို့နယ်၊ ဘိုကလေး မြိုနယ်၊ မြစ်ကြီးနား မြို့နယ်၊ မိုးညို မြို့နယ်၊ အမ်း မြို့နယ်၊ ကန့်ဘလူ မြို့နယ်၊ ဘူးသီတောင် မြို့နယ်၊ မဘိမ်း မြို့နယ်၊ မြောက်ဦး မြို့နယ်၊ လွိုင်လင် မြို့နယ်၊ မာန်အောင် မြို့နယ်၊ အင်္ဂပူ မြို့နယ် ၊ ကျောင်းကုန်း မြို့နယ်၊ ကလော မြို့နယ် ၊ မြောင်းမြ မြို့နယ်၊ မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်၊ ရမ်းဗြ မြို့နယ်၊ ဒက်ခိဏသီရိ မွို့နယျ၊ လပွတ္တာ မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်၊ သံတောင်ကြီး မြို့နယ်၊ ပလောက် မြို့နယ်၊ ဘုတ်ပြင်း မြို့နယ်၊ ဆိတ်ကြီးခနောင်တို မြို့နယ်၊ တောင်ကုတ် မြို့နယ်၊ ဇေယျောသီရိ မြို့နယ်၊ ကျောက်ဖြူ မြို့နယ်၊ တာလေ မြို့နယ် ၊တောင်ကြီး မြို့နယ်၊ ကျောက်တော် မြို့နယ်၊ လွိုင်ကော် မြို့နယ်၊ ဘောလခဲ မြို့နယ်၊ ဖားဆောင်း မြို့နယ်၊ မယ်စဲ့ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ အုတ်တွင်း မြို့နယ်၊ လှိုင် မြို့နယ်၊ ထန်းတပင် မြို့နယ်၊ ကျောက်ကြီး မြို့နယ်၊ သိန္နီ မြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ် တို့မှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment