ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြစ်ကြီးနားတက္ကသိုလ် ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြစ်ကြီးနားတက္ကသိုလ် ကြည့်ရှုစစ်ဆေး


MNP ၊ ဧပြီ ၁

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ် အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ရှိ သုတေသနစင်တာသို့ သွားရောက်ကြည့်ရှု၍ မေ(၁၂) ရက်တွင် တက္ကသိုလ်အသီးသီး၌ ဘာသာရပ်အစုံ၊ အတန်းစုံပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ သင်ကြားသင်ယူမှုများ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက် ကောင်းမွန်ရေး အတွက် စုပေါင်းအင်အားဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့တက္ကသိုလ်အတွင်း သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြည်ရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် ဆရာဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက် ကြစေလိုကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီတက္ကသိုလ်များ ပြန်လည်ဖွင့်မည်ဖြစ်၍ မြစ်ကြီးနားတက္ကသိုလ် အတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား/သူအိပ်ဆောင်များနှင့် အားကစားရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)