ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ



MNP - ဧပြီ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  ကျောက်တန်းမြို့နယ်တွင်  အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော          ပြည်သူများအား ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံ၌  ယမန်နေ့နံနက် ၉  နာရီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်   ကာကွယ်ဆေးထိုးနှံရန် လာ ရောက်ကြသော  ပြည်သူများအား  ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၁၂၄၂၃၉)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၁၁၁၆၁၁)ဦး ရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၆.၀၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)