ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

 


MNP - ဧပြီ   ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့တို့ ပူးပေါင်း၍ သုတအလင်းမဂ္ဂဇင်းတွင် ပါရှိသည့် စာရေးဆရာ ရဲပြည့်အောင်၏ အာရှဒေသရှိ ရေကစားပွဲတော်များခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၂) နာရီအချိန်က ကော့ကရိတ် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က စာဖတ် ပရိသတ် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် Book Club အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သန်းသန်းရီ၊  မဆုသက်ဝေနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းတို့ အာရှဒေသအသီးသီးရှိ နိုင်ငံအသီးသီးမှ ရေကစားကြပုံများ၊ ရေကစားပွဲ ကျင်းပရခြင်း၏ အကြောင်းအရင်းများ၊  ဆုရရှိခဲ့မှု များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ရေကစားကြပုံများကို ဆွေးနွေးခဲ့သည်။ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များမှ ဆွေးနွေးသွားသည့်အပေါ် မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ သတ်မှတ် စည်းကမ်းချက်များနှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)