ဒေးဒရဲမြို့၌ (၁၀၆)ကြိမ်မြောက် စုပေါင်းဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့၌ (၁၀၆)ကြိမ်မြောက် စုပေါင်းဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ




MNP - ဧပြီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် တော်ကြပ်ကျေးရွာ မိသားစုများက (၁၀၆)ကြိမ်မြောက် စုပေါင်းဇီဝိတဒါန ငါးလွှတ်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက စတင်လှည့်လည်၍ စုပေါင်းကျင်းပခဲ့သည်။

အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ တော်ကြပ်ကျေးရွာ မိသားစုဝင်များက ငါးကောင်ရေ(၁၀၀၀၀) အား တိုးမြစ်အတွင်းသို့ စုပေါင်းငါးလွှတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ တော်ကြပ်ကျေးရွာ မိသားစုများမှ စုပေါင်းဇီဝိတဒါန ငါးလွှတ်ပွဲအား နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့ရာ (၁၀၆)နှစ်တိုင် မြန်မာ့ရိုးရာ အစဉ်အလာ များကို လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှကြောင်း သိရသည်။

သတင်း - အေဇာလင်း 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)