တနိုင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

          




MNP - ဧပြီ     ၁၈

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

သက်ကြီး ဘိုးဘွားများ ကန်တော့ခြင်းကို မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး  မြို့ပေါ် (၇) ရပ်ကွက်မှ အသက် (၈၀) နှစ်အထက်ဘိုးဘွား (၁၀၃) ဦးအား ပူဇော်ကန်တော့ခြင်း၊ အလှူငွေနှင့် ဆန်များ ပေးအပ်လှူဒါန်းကြကာ သက်ကြီးဘိုးဘွားနှစ်ဦးမှ ကန်တော့ရသည့် အကျိုးအား ဆုတောင်းပထနာပြုပေးပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ပူဇော်၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ငါးသားပေါက်ကောင်ရေ နှစ်‌သောင်းကို တနိုင်းချောင်းအတွင်းသို့ ဇီဝိတဒါန ငါးလွှတ် ထည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာတွင် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး တေဇာအောင်၊ အတွင်းရေးမှူးရဲမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ငါးခုံးမကြီး‌ ကောင်ရေ(၁၀၀၀၀)နှင့် ငါးမြစ်ချင်းကြီးကောင်ရေ (၁၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ ကို  တနိုင်းချောင်းအတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ထည့်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဝါဝါ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)