မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားလျက်ရှိ

 





MNP - ဧပြီ    ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ ၁၆ ရက်တွင် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေတင်ဆက် လျက်ရှိရာ မဟာသင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာ ကခုန်ရေကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု အားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

အလားတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေမှုများဖြင့် သင်္ကြန်ချစ်သူများ၊ ရေပက်ကစားသူများနှင့် အထူး စည်ကားလျက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)