MNP - ဧပြီ ၁၆
ရန်ကုန်မြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ သင်္ကြန်အတက်နေ့ (နောက်ဆုံးနေ့)တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့၌ ရေကစားကြသူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ မြို့တော်နေပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ အများပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို လာရောက်လည်ပတ်ကြည့်ရှုပြီး ပျော်ရွှင်စွာ ကခုန်ရေကစား၍ အတာရေသဘင်ပွဲတော်ကို တစ်ပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment